လုပ်ငန်းစဉ်များ

အောင်ဇေယျာမင်း ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း 


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့ နယ် ၊ အလယ်ရွာ ( ရွှေပြည်သာ တံတားအနီး ) တွင် တည်ရှိသည့် အောင်ဇေယျာမင်းဘုန်းကြီးကျောင်း သည် သာသနာတော် တည်တံ့ ပြန့်  ပွား ရေးအတွက် ဆောင်ရွက်နေသည့် နေရာဌာန အဖြစ် သာမက မိဘမဲ့ကလေး များအား ပြုစုပျိုးထောင်မွေးမြူပေးသော ၊ ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းလည်း ဖြစ်ပါသည်။  
အောင်ဇေယျာမင်း ပ၇ဟိတ ပညာရေးကျောင်းကို အရှင်ဘဒ္ဒန္တဇေယျာနန္ဒ က ဦးစီး ဦးဆောင်တည်ထောင်ခဲ့ ဖြင်းဖြစ်ပြီး ယခု ၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွင်း ကျောင်းသားပေါင်း ၁၀၂၀ (ကျောင်းအိပ် ၊ ကျောင်းစား မိဘမဲ့ကလေးများ နှင့် လှိုင်သာယာမြို့ တွင်းရှိ ကလေးသူငယ်များ အပါအ၀င်) တို့ ကို ပညာသင်ကြားပို့  ချပေးလျက်ရှိသည်။ မူကြိုအရွယ်မှ သတ္တမတန်းအရွယ်ထိ ကို ဘုန်းတော်ကြီးကျောင်းရှိ ဆရာ၊ဆရာမ ( ၃၂ ) ဦး တို့ က ပညာ သင်ကြားပေးလျက်ရှိပြီး ၊အဌမတန်းမှ ဒသမတန်းအထိကို အပြင် အ.ထ.ကကျောင်းများသို့  အပ်နှံပညာသင်ကြားပေးလျက်ရှိပါသည် ။

ဦးတည်ချက် (၅) ရပ်
(၁) ပညာဥာ်မျက်စိ အလင်းရရေး (စာမတတ်သူပပျောက်ရေး) ။
(၂) ဗုဒအဆုံးအမနှင့် ရင်းနှီးထိတွေ့ ပြီး ယဉ်ကျေးသိမ်မွေ့ ကာ အေးချမ်းသော လူ့ ဘောင်ကို
လျှောက်လှမ်းနိုင်ရေး။
(၃) မိမိကြောင့် သူတစ်ပါးအား ကိုယ်စိတ်နှစ်ပါး မဆင်းရဲစေရေး ။
(၄) သာသနာ့ အာဇာနည် မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရေး။
(၅) နိုင်ငံ အကျိုးပြု သားကောင်း သမီးကောင်းများ မွေးထုတ်ပေးရေး။ 

ကျောင်းသားဦးရေ 

၂၀၀၇-၂၀၀၈ ပညာသင်နှစ်အတွက် ကျောင်းသားဦးရေ (၁၄၈) ယောက် 
၂၀၀၈-၂၀၀၉ ပညာသင်နှစ်အတွက် ကျောင်းသားဦးရေ (၁၇၈) ယောက်
၂၀၀၉-၂၀၁၀ ပညာသင်နှစ်အတွက် ကျောင်းသားဦးရေ (၃၄၀) ယောက်
၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် ကျောင်းသားဦးရေ (၆၂၅) ယောက် 
၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် ကျောင်းသားဦးရေ (၁၁၅၀) ယောက် 

အတန်း
ကျား              
မ 
မူကြို                                             
၆၀
၅၀
သူငယ်တန်း
၁၀၅
၁၀၀
ပထမတန်း
၈၉
၈၈
ဒုတိယတန်း
၇၇
၅၃
တတိယတန်း
၄၄
၃၂
စတုတ္ထတန်း                                      
၄၂
၃၈
ပဉ္စမတန်း                                         
၄၄
၄၀
ဆဌမတန်း
၃၇
၂၅
သတ္တမတန်း                                       
၂၅
၂၂
အဌမတန်း 
၂၅
၁၅
န၀မတန်း   
၃၅
၁၄
ဒသမတန်း  
၅၀
၄၀
                         ပေါင်း
၆၃၃
၅၁၇
                                                ကျား + မ ပေါင်း = ၁၁၅၀ ယောက်

 စားရိတ်မျှပေးကျန်းမာရေးဆေးခန်း
ကျောင်းတွင် မှီတင်းနေထိုင်နေသည့် ကလေးသူငယ်များ အတွက် အခမဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှု ပေးသည့် ဆေးခန်းငယ်တစ်ခု ကို အောက်တိုဘာလ ၂၀၁၁ ခုနှစ်တွင် စတင် ဖွင့်လှစ်ထားရှိပါသည်။ ကျောင်း အနီးပတ်ဝန်းကျင် ရှိသူများကို စားရိတ်မျှပေးစနစ်ဖြင့် အခြေခံ ကျန်းမာရေး ၀န်ဆောင်မှုပေးရန် ရည်ရွယ်ထားပါသည်။

မြတ်စေတနာ မြတ်ဒါန
အောင်ဇေယျာမင်း ဘုန်းတော်ကြီးကျောင်း မွန်မြတ်သော လုပ်ငန်းစဉ် များဆက်လက် လည်ပတ် နိုင်ရန် အလှူရှင်များ လိုအပ်နေပါသည်။ ကျောင်းတွင် မှီတင်းနေထိုင်နေသည့် ကလေးများအတွက် စားဝတ်နေရေး၊ ကလေးသူငယ်များအတွက် ကျောင်းသုံးပစည်းများ ထောက်ပံ့ပေးနိုင်ရေး၊ ပညာသင်ကြားပေးနေသော ဆရာ ဆရာမ များအတွက် လစဉ် လစာပေးနိုင်ရေး၊ စေတနာရှင်၊ ပါရမီရှင် များအနေ ဖြင့် မြတ်သောဒါန ကို မိမိတို့  တတ်စွမ်းသမျှ ဒါနပြုနိုင်ပါကြေင်း နိုးဆော်အပ်ပါသည်။ ငွေကြေးအလှူသာမက ဆန်၊ဆီ၊ ပဲ အစရှိသည့် နေ့ စဉ် စားသုံးရန် မရှိမဖြစ်လို အပ်သည့် ပစည်းများကို လည်းလှူဒါန်းနိုင်ပါသည်။