Thursday, May 31, 2012

မြတ်သောအလှူ

 အောင်ဇေယျာမင်း ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းသားများ၊ ဘုန်းတော်ကြီးများ၊ သီလရှင် များ ကို ၂၀၁၂  မေလ ၂၇ ရက်နေ့  တွင်  ခေါက်ဆွဲကြော်၊ ကြာဇံကြော် ဖြင့် လှူဒါန်း သော အမေရိကန်ပြည်ထောင်စု တွင် နေထိုင်သူ ကိုကျော်ဇေယျာစိုးနှင့် မိသားစု တို့  အလှူအား နတ်လူ၊ သာတု ခေါ်နိုင်ရန် မှတ်တမ်းတင်အပ်ပါသည်။

အောင်ဇေယျာမင်းကျောင်းတိုက် ရှိ ကလေးများအတွက် လစဉ် ဆန်အလှူရှင်များ၊ ဆေးဝါးအလှူရှင် များ နှင့် အစားသောက် အလှူရှင် များ လိုအပ်လျှက်ရှိပါသည်။ 

Saturday, May 19, 2012

မိဘမဲ့ ကလေးများ အတွက် နားခိုရာ

အောင်ဇေယျာမင်း မိဘမဲ့ ကလေးများ (ပရဟိတဘုန်းတော်ကြီးသင် စာသင်ကျောင်း) အတွက် အောက်ပါ  ဗီဒီယို ဖြစ်မြောက် အောင် လုပ်ဆောင်ပေးကြသော ကိုဇော်လွင်ဝင်း၊ ကိုတာတီး နဲ့  Little Fellow အဖွဲ့ တို့ အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အနွေးထွေး လုံခြုံဆုံးလို့  သတ်မှတ်ထားတဲ့ အမေ့ အိမ် ဆိုတာမရှိ၊ မိဘရယ်လို့  ခေါ်စရာတောင် မရှိသည့် ကလေးသူငယ်များ အတွက် စားဝတ်နေရေး၊ ကျန်းမာရေး နှင့် ပညာရေး လုပ်ငန်းများ အတွက် အကူအညီများ လိုအပ်နေပါသည်။


Wednesday, November 16, 2011

အောင်ဇေယျာမင်းအခမဲ့ဆေးခန်း စတင်ဖွင့်လှစ်ခဲ့သည်မှာ တစ်လပြည့်ပြီ

အောင်ဇေယျာမင်းဘုန်းတော်ကြီးကျောင်းမှာ၊ ၂၀၁၁ ခု နှစ် အောက်တိုဘာလ အစောပိုင်း က  စတင်ဖွင့်လှစ်ခဲ့တဲ့ အခမဲ့ ဆေးကုခန်းမှာ၊ စေတနာရှင် ဒေါက်တာ ခိုင်ဟေမာမြင့် က စနေ၊ တနဂ်နွေရက်တွေ မှာ အခမဲ့ ကုသမှုပေးနေတာဖြစ်ပြီး တစ်ရက်ကို လူနာ အယောက် ၄၀ ကနေ ၅၀ အထိ ကုသပေးရတယ်လို့  သိရပါတယ်။

စတင်ဖွင့်လှစ်စဉ်က ဆေးကုခန်းရယ်လို့  သီးသန့် မရှိပဲ ခန်းမကျယ်တစ်ခုထဲမှာ ကုသခဲ့ရတာမို့  ရဟန်းတော်များ၊ သီလရှင်များကို စစ်ဆေးကုသရာမှာ အခက်အခဲတွေ ရှိခဲ့ရပါတယ်။ အလှူရှင်များ ကောင်းမှုနဲ့  အခုလို အခန်းငယ်လေးတစ်ခုထပ်ကန့် လိုက်ပြီး သီးသန့် စစ်ဆေးဖို့ လိုတဲ့ လူနာတွေကို အခန်းထဲကုသပေးပါတယ်၊ လူနာတစ်ဦးဆီအတွက် ဆေးကုသမှုမှတ်တမ်းစာအုပ် ထားပြီး မှတ်တမ်းများသိမ်းဆည်းထားပါတယ်၊
ဆေးခန်းငယ်အတွက် လိုအပ်တဲ့  ဆေးဝါးများနှင့် အခြားကုန်ကျမှုများ မှာ တစ်လလျှင် ၂သိန်းခွဲ ခန့် ဖြစ်ပြီး၊  စေတနာရှင်များအနေဖြင့် ငွေကြေးလှူဒါန်းခြင်း၊ ဆေးဝါးများလှူဒါန်းခြင်းဖြင့် ပါဝင်ကုသိုလ်ယူနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ 
အောင်ဇေယျာမင်း အခမဲ့ဆေးခန်း အတွင်းရှိ ဆေးကုသခန်းငယ်(A small examination room was formed to protect our patient's privacy)
လူနာများအတွက် ဆေးကုသမှုမှတ်တမ်းစာအုပ် (Patient's record is given to each patient)

ဒေါက်တာခိုင်ဟေမာမြင့် နှင့် လူနာဆရာလေးတစ်ဦး
မိဘမဲ့ ကလေးသူငယ်များအား အခြေခံကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ပြီ၊

Tuesday, October 25, 2011

မီဒီယာ နှင့် ၀က်ဆိုဒ် အချို့ တွင် ဖော်ပြထားသော အောင်ဇေယျာမင်းပရဟိတစာသင်ကျောင်း အကြောင်း စုစည်းမှု ၁

အောင်ဇေယျာမင်း ပရဟိတစာသင်ကျောင်းရဲ့  လုပ်ငန်းစဉ်တွေ ကို ထိရောက်အောင်မြင် စွာဆက်လက် ဆောင်ရွက်နိုင်ဖို့  အလှူရှင်များရဲ့  အကူအညီကို လိုအပ်သလို သတင်းမီဒီယာတွေ ရဲ့  ပါဝင်ကူညီမှုတွေကို လည်းလိုအပ်လှပါတယ်။ မီဒီယာအချို့ နဲ့  ၀က်ဆိုဒ်အချို့ မှာ အောင်ဇေယျာမင်းကျောင်းတော် အကြောင်းရေးသားမှုများ ကို ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင်အပ်ပါတယ်။    


Eleven Media Group  တွင်ဖော်ပြထားသော အောင်ဇေယျာမင်းဘုန်းတော်ကြီးသင် ပရဟိတစာသင်ကျောင်း အကြောင်း၊






Photo ref: 11 media group


လောကတွင် အစားထိုး၍ မရသည့်အရာမှာ မိဘ၊ တုနှိုင်း မရသည့် အရာမှာ မိဘမေတ္တာဟု ပြောဆိုကြ၊ သတ်မှတ်ကြလေ့ရှိသည်။ သို့သော် လောကကြီးအလယ်တွင်လူတစ်ယောက် ဖြစ်လာသော်လည်း အကြောင်းအမျိုး မျိုးကြောင့် မိဘ၊ ဆွေမျိုးများနှင့် ဝေးရာဘ၀ရောက်နေကြသည့် ကလေး ငယ်အချို့ကတော့ . . .
ကလေးများ အားလုံး၏ ထမင်း စားချိန်။ ကလေးများ၏ နေ့စဉ်တစ်ခုတည်းသော ပင်တိုင်ဟင်းမှာ ကြာဇံပဲ ဟင်းချို။ ကျောင်းရှိ သံဃာကုန်ဆွမ်းခံကြွပြီး သံဃာတစ်ပါးလျှင် ကလေးနှစ်ဦးအတွက် ဟင်းတာဝန်ယူသည်။ ထမင်းထည့်၊ ပင်တိုင် ကြာဇံပဲဟင်းချိုယူ၊ကိုယ့်ကို တာဝန်ယူထားသော ဦးဇင်းထံသွား၍ မိမိကိုယ်တာ ဟင်းယူပြီး စားသောက်ကြသည်။ အပိုင်ဦးဇင်း မတူကြသည့် အတွက် ဟင်းအမျိုးအစားများ မတူ။ အသားဟင်းနှင့် စားရသူက စားရ၊ ငါးကြော်နှင့် စားရသူကစားရ၊ အရွက်ကြော်နှင့် စားရသူက စားရသည်။ ကလေးများ၏ အ၀တ်အစားများသည် နွမ်းပါးကြသည်။ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းကြသည်။ သို့ သော် ထမင်းစားနေကြသည့် ကလေးများ အားလုံးအရွယ်နှင့် မလိုက်အောင် တည်ငြိမ်ကြသည်။ 

ဟင်းကောင်းမစား ရသည့် ကလေးက ဘာမှမဖြစ်သလို စားရသည့် ကလေးကလည်း ဝေမျှ ကျွေးသေးသည်။
“ဒီမှာ မိဘမဲ့ကလေးတွေလည်း ရှိတယ်။ ပန်းခြံထဲမှာ ထားခဲ့တာ၊ အမှိုက်ပုံမှာပစ်ခဲ့တာ၊ ခဏကြည့်ပေးထားပါလို့ ပြောပြီးထားသွားတာနဲ့၊ နာဂစ်မှာ မိဘဆုံးပါးသွားတဲ့ ကလေးတွေလည်း ပါတယ်။ နောက်ပြီးမိဘက ဆင်းရဲနွမ်းပါးပြီး ကျောင်းမထားပေးနိုင်လို့ ဆိုပြီးလာအပ်ထားတဲ့ ကလေးတွေက ၁၂၀၀လောက် ရှိတယ်”ဟု ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဇေယျာနန္ဒက မိန့်ကြားခဲ့သည်။
ဘ၀များ၊ ဘ၀တွေ အများကြီး သည် ကျောင်းဝင်းထဲတွင် ရှိပါသည်။ အကြောင်းအရာမျိုးစုံ၊ အဖြစ်အပျက် မျိုးစုံရှိကြသည်။ သို့သော်အားလုံးတွင် တူညီသည့် အချက်တစ်ချက်ရှိသည်။ မိဘ၊ မိဘမေတ္တာင တ်မွတ်ခြင်းဖြစ်လေမလား။ လိုအပ်ချက်များကတော့  လူတိုင်း၊ နေရာတိုင်းမှာ ရှိစမြဲပင်။ အောင်ဇေယျာမင်း မိဘမဲ့ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွင်း တွင် ဆရာတော်နှင့်တကွ သံဃာတော် များ၊ စေတနာရှင်ဆရာ၊ဆရာမများက မိဘမဲ့ကလေးငယ်များ၊ အကြောင်းကြောင်းကြောင့် မိဘမေတ္တာ ငတ်မွတ် နေကြသည့် ကလေးငယ်လေးများကို တတ်စွမ်းသမျှ အစားထိုးမေတ္တာများ ပေးဝေရင်း ရှေ့ဆက်လျှောက်လှမ်း လျက်ရှိနေပါသည်။


One Dollar Fund Myanmar ၀က်ဆိုဒ်တွင် ဖော်ပြထားသော အောင်ဇေယျာမင်း ပရဟိတစာသင်ကျောင်း  အကြောင်းမှ ကောက်နှုတ်ချက် 


Though the orphanage is located not far from downtown Yangon, it is in need of funds for taking care of a lot of children. 

Venerable Sayardaw U Zeya Nanda of the school mentioned, according to Eleven Media Group news, “We have orphans whom were dumped in the parks or near the rubbish piles; including cyclone Nargis orphans and 1200 kids whose parents requested us to look after their kids as they cannot afford much to support education for their kids.”


Photo: One Dollar Fund Myanmar 












အလိုတော်ပြည့်    ၀က်ဆိုဒ်မှ ပုံအချို့ 

Photo: http://alodawpyei.org/alo/component/content/article/34-slideshowcat/361-2011-06-20-15-14-44 

Photo: http://alodawpyei.org/alo/component/content/article/34-slideshowcat/361-2011-06-20-15-14-44
"အဆိုပါကလေးငယ်များကို ကိုရင်သာမဏေများ ၀တ်ပေးပြီး ဆရာလေ မယ်သီလရှင်များဝတ်ပေးပြီး၍။လည်းကောင်း ကိုရင် သာမဏေများနှင့် ဆရာလေးမယ်သီလများ အား သာသနာဘောင်တွင် ပရိယတ္တိသာသနာ ပညာရေးများကိုလဲ  သင်ကြားပေးလျက်ရှိသည်ကိုတွေရပြီး အရပ်ဖက် အခြေခံပညာရေးများကိုလဲသင်ကြားပေးလျက်ရှိသည့်ကိုတွေရသည် "


Monday, October 10, 2011

အောင်ဇေယျာမင်း အခမဲ့ ဆေးကုခန်း အား စတင်ဖွင့်လှစ်

အောင်ဇေယျာမင်းကျောင်းတိုက်အား မှီတင်းနေထိုင်နေကြသော ရဟန်းတော်များ၊သီလရှင်များ၊ ၀န်ထမ်းများနှင့် ကလေးသူငယ်များ အား အခြေခံကျန်းမာရေးကုသမှုပေးရန် ရည်ရွယ်ချက်ဖြင့် "အောင်ဇေယျာမင်း အခမဲ့ဆေးခန်း" ကို အောက်တိုဘာလ (၉) ရက် ၂၀၁၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

စေတနာရှင်လူငယ်တစ်စု က အခြေခံဆေးဝါးများကို ပူးပေါင်း လှူဒါန်းပေးကြပြီး၊ ဒေါက်တာခိုင်ဟေမာမြင့် က စေတနာဖြင့် အပတ်စဉ် လာရောက် စစ်ဆေးကုသမှုပေးခြင်း၊ ကလေးသူငယ်များအတွက် လိုအပ်သည့် အခြေခံကျန်းမာရေးဗဟုသုတများ ဖြန့် ဖြူးပေးခြင်း စသည်တို့ ကို ပြုလုပ် သွားမည်ဖြစ်ပါသည်၊ မည်သူမဆို ဆေးခန်းအတွက် လိုအပ်သည့် ဆေးဝါးများ၊ အသုံးဆောင်များ ကို လှူဒါန်းခြင်း ဖြင့် ကုသိုလ်ပါဝင်နိုင်ပါသည်။  

Mission:
  • To provide primary medical care, health screening, primary interventions, and health education to orphans of Aung Zayer Min with free of charge.

  • To provide affordable, accessible and compassionate health care to the needy individuals and families in the surrounding community.

  • To co-operate with other health care facilities by monitoring, care coordination and referring patients. 

A Free Clinic was opened at Aung Zayer Min monastery on October 09,2011


Dr. Khine Haymar Myint, a volunteer Physician, is providing care to a monk at AZYM Free Clinic

Although Kids are susceptible to diseases, some orphans have never been received immunization. 



Waiting for the free health care



The clinic provides primary health care and proper counseling

Sunday, October 9, 2011

"ပညာမတတ်သူ ပပျောက်ရေး"

အရှင်ဘဒ္ဒန္တဇေယျာနန္ဒ ဦးစီးသည့် အောင်ဇေယျာမင်း ပရဟိတ စာသင်ကျောင်းမှ "ပညာမတတ်သူ ပပျောက်ရေး" ဟူသည့် ရည်မှန်းချက် အရ မိဘမဲ့ ကလေးများနှင့် ပညာသင်ကြားရေးအတွက်  အခက်အခဲများနှင့် ကြုံတွေ့ နေရသော ကလေးသူငယ်များ အား အခမဲ့  ပညာ သင်ကြားပေး လျှက်ရှိပါသည်။

ကျောင်းသားဦးရေများ တိုးတက်များပြားလာသည်နှင့် အမျှ ကျောင်းသားများအတွက်
ကျာင်းသုံးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး၊ ပညာသင်ကြားပေးနေသော ဆရာ ဆရာမ များအတွက် လစဉ် လစာပေးနိင်ရေး စသဖြင့်ကုန်ကျစားရိတ်များလည်း ကြီးမြင့်လာပါသဖြင့် မွန်မြတ်သော လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် စေတနာရှင်၊ အလှူရှင်များကို ပိုမိုလိုအပ်လျှက်ရှိပါသည်။ 

၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွင်း ပညာသင်ကြားနေကြသော ကျောင်းသူ၊ကျောင်းသားများ စာရင်း

အတန်း
ကျား              
မ 
မူကြို                                             
၆၀
၅၀
သူငယ်တန်း
၁၀၅
၁၀၀
ပထမတန်း
၈၉
၈၈
ဒုတိယတန်း
၇၇
၅၃
တတိယတန်း
၄၄
၃၂
စတုတ္ထတန်း                                      
၄၂
၃၈
ပဉ္စမတန်း                                         
၄၄
၄၀
ဆဌမတန်း
၃၇
၂၅
သတ္တမတန်း                                       
၂၅
၂၂
အဌမတန်း 
၂၅
၁၅
န၀မတန်း   
၃၅
၁၄
ဒသမတန်း  
၅၀
၄၀
                         ပေါင်း
၆၃၃
၅၁၇
                                                ကျား + မ ပေါင်း = ၁၁၅၀ ယောက် 

ကျောင်းသားလူငယ်များမှ တနေ့  နိုင်ငံတာဝန် ထမ်းဆောင်ကြမည့် ၀န်ထမ်းကောင်းများအဖြစ်သို့ ဦးတည် 

ပညာမတတ်သူ ပပျောက်ရေးဦးတည်ချက်ကို အကောင်အထည်ဖေါ်နေသည့် အရှင်ဘဒ္ဒန္တဇေယျာနန္ဒ၊ ၀န်ထမ်းများနှင့် ကျောင်းသူ၊ ကျောင်းသားများ

လမ်းမပေါ်တွင် ဆော့ကစား ရင်း အချိန်ကုန်ဆုံးနေသည့် ကလေးများ အဖြစ်မှ တနေ့ ဆရာဝန်ကြီးများ ကျောင်းဆရာ၊ ဆရာမများ ဖြစ်ချင်သည် ...စသဖြင့် အနာဂတ်အိပ်မက် များကို အကောင်ထည်ဖေါ်ခွင့် ရလာသည့် ကျောင်းသားလူငယ်များ

Thursday, October 6, 2011

Aung Zayer Min Monastery and Monastic Education School


Aung Zayer Min Monastery in Yangon (an education center for more than 1000 orphans)
They only get a chance to eat like this on lucky days

 Venerable monk A Shin Badanta Zayar Nanda with some orphans

Like every child, they want to live peacefully with their parents and family members...but they don't get that chance..

They have to depend on donors' support
innocent faces
Where they live...
Their parents passed away during civil wars or Nagis cyclone 
They have no one to call parents except this venerable monk  
They are deprived but they still have natural tendency to enjoy their childhood

They do need your help...