အောင်ဇေယျာမင်းဘုန်းတော်ကြီးကျောင်းမှာ၊ ၂၀၁၁ ခု နှစ် အောက်တိုဘာလ အစောပိုင်း က စတင်ဖွင့်လှစ်ခဲ့တဲ့ အခမဲ့ ဆေးကုခန်းမှာ၊ စေတနာရှင် ဒေါက်တာ ခိုင်ဟေမာမြင့် က စနေ၊ တနဂ်နွေရက်တွေ မှာ အခမဲ့ ကုသမှုပေးနေတာဖြစ်ပြီး တစ်ရက်ကို လူနာ အယောက် ၄၀ ကနေ ၅၀ အထိ ကုသပေးရတယ်လို့  သိရပါတယ်။
စတင်ဖွင့်လှစ်စဉ်က ဆေးကုခန်းရယ်လို့  သီးသန့် မရှိပဲ ခန်းမကျယ်တစ်ခုထဲမှာ ကုသခဲ့ရတာမို့  ရဟန်းတော်များ၊ သီလရှင်များကို စစ်ဆေးကုသရာမှာ အခက်အခဲတွေ ရှိခဲ့ရပါတယ်။ အလှူရှင်များ ကောင်းမှုနဲ့  အခုလို အခန်းငယ်လေးတစ်ခုထပ်ကန့် လိုက်ပြီး သီးသန့် စစ်ဆေးဖို့ လိုတဲ့ လူနာတွေကို အခန်းထဲကုသပေးပါတယ်၊ လူနာတစ်ဦးဆီအတွက် ဆေးကုသမှုမှတ်တမ်းစာအုပ် ထားပြီး မှတ်တမ်းများသိမ်းဆည်းထားပါတယ်၊
ဆေးခန်းငယ်အတွက် လိုအပ်တဲ့ ဆေးဝါးများနှင့် အခြားကုန်ကျမှုများ မှာ တစ်လလျှင် ၂သိန်းခွဲ ခန့် ဖြစ်ပြီး၊ စေတနာရှင်များအနေဖြင့် ငွေကြေးလှူဒါန်းခြင်း၊ ဆေးဝါးများလှူဒါန်းခြင်းဖြင့် ပါဝင်ကုသိုလ်ယူနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
 |
| အောင်ဇေယျာမင်း အခမဲ့ဆေးခန်း အတွင်းရှိ ဆေးကုသခန်းငယ်(A small examination room was formed to protect our patient's privacy) |
 |
| လူနာများအတွက် ဆေးကုသမှုမှတ်တမ်းစာအုပ် (Patient's record is given to each patient) |
|
 |
| ဒေါက်တာခိုင်ဟေမာမြင့် နှင့် လူနာဆရာလေးတစ်ဦး |
 |
| မိဘမဲ့ ကလေးသူငယ်များအား အခြေခံကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ပြီ၊ |