Sunday, October 9, 2011

"ပညာမတတ်သူ ပပျောက်ရေး"

အရှင်ဘဒ္ဒန္တဇေယျာနန္ဒ ဦးစီးသည့် အောင်ဇေယျာမင်း ပရဟိတ စာသင်ကျောင်းမှ "ပညာမတတ်သူ ပပျောက်ရေး" ဟူသည့် ရည်မှန်းချက် အရ မိဘမဲ့ ကလေးများနှင့် ပညာသင်ကြားရေးအတွက်  အခက်အခဲများနှင့် ကြုံတွေ့ နေရသော ကလေးသူငယ်များ အား အခမဲ့  ပညာ သင်ကြားပေး လျှက်ရှိပါသည်။

ကျောင်းသားဦးရေများ တိုးတက်များပြားလာသည်နှင့် အမျှ ကျောင်းသားများအတွက်
ကျာင်းသုံးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး၊ ပညာသင်ကြားပေးနေသော ဆရာ ဆရာမ များအတွက် လစဉ် လစာပေးနိင်ရေး စသဖြင့်ကုန်ကျစားရိတ်များလည်း ကြီးမြင့်လာပါသဖြင့် မွန်မြတ်သော လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် စေတနာရှင်၊ အလှူရှင်များကို ပိုမိုလိုအပ်လျှက်ရှိပါသည်။ 

၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွင်း ပညာသင်ကြားနေကြသော ကျောင်းသူ၊ကျောင်းသားများ စာရင်း

အတန်း
ကျား              
မ 
မူကြို                                             
၆၀
၅၀
သူငယ်တန်း
၁၀၅
၁၀၀
ပထမတန်း
၈၉
၈၈
ဒုတိယတန်း
၇၇
၅၃
တတိယတန်း
၄၄
၃၂
စတုတ္ထတန်း                                      
၄၂
၃၈
ပဉ္စမတန်း                                         
၄၄
၄၀
ဆဌမတန်း
၃၇
၂၅
သတ္တမတန်း                                       
၂၅
၂၂
အဌမတန်း 
၂၅
၁၅
န၀မတန်း   
၃၅
၁၄
ဒသမတန်း  
၅၀
၄၀
                         ပေါင်း
၆၃၃
၅၁၇
                                                ကျား + မ ပေါင်း = ၁၁၅၀ ယောက် 

ကျောင်းသားလူငယ်များမှ တနေ့  နိုင်ငံတာဝန် ထမ်းဆောင်ကြမည့် ၀န်ထမ်းကောင်းများအဖြစ်သို့ ဦးတည် 

ပညာမတတ်သူ ပပျောက်ရေးဦးတည်ချက်ကို အကောင်အထည်ဖေါ်နေသည့် အရှင်ဘဒ္ဒန္တဇေယျာနန္ဒ၊ ၀န်ထမ်းများနှင့် ကျောင်းသူ၊ ကျောင်းသားများ

လမ်းမပေါ်တွင် ဆော့ကစား ရင်း အချိန်ကုန်ဆုံးနေသည့် ကလေးများ အဖြစ်မှ တနေ့ ဆရာဝန်ကြီးများ ကျောင်းဆရာ၊ ဆရာမများ ဖြစ်ချင်သည် ...စသဖြင့် အနာဂတ်အိပ်မက် များကို အကောင်ထည်ဖေါ်ခွင့် ရလာသည့် ကျောင်းသားလူငယ်များ

No comments:

Post a Comment