Eleven Media Group တွင်ဖော်ပြထားသော အောင်ဇေယျာမင်းဘုန်းတော်ကြီးသင် ပရဟိတစာသင်ကျောင်း အကြောင်း၊
![]() |
| Photo ref: 11 media group |
လောကတွင် အစားထိုး၍ မရသည့်အရာမှာ မိဘ၊ တုနှိုင်း မရသည့် အရာမှာ မိဘမေတ္တာဟု ပြောဆိုကြ၊ သတ်မှတ်ကြလေ့ရှိသည်။ သို့သော် လောကကြီးအလယ်တွင်လူတစ်ယောက် ဖြစ်လာသော်လည်း အကြောင်းအမျိုး မျိုးကြောင့် မိဘ၊ ဆွေမျိုးများနှင့် ဝေးရာဘ၀ရောက်နေကြသည့် ကလေး ငယ်အချို့ကတော့ . . .
ကလေးများ အားလုံး၏ ထမင်း စားချိန်။ ကလေးများ၏ နေ့စဉ်တစ်ခုတည်းသော ပင်တိုင်ဟင်းမှာ ကြာဇံပဲ ဟင်းချို။ ကျောင်းရှိ သံဃာကုန်ဆွမ်းခံကြွပြီး သံဃာတစ်ပါးလျှင် ကလေးနှစ်ဦးအတွက် ဟင်းတာဝန်ယူသည်။ ထမင်းထည့်၊ ပင်တိုင် ကြာဇံပဲဟင်းချိုယူ၊ကိုယ့်ကို တာဝန်ယူထားသော ဦးဇင်းထံသွား၍ မိမိကိုယ်တာ ဟင်းယူပြီး စားသောက်ကြသည်။ အပိုင်ဦးဇင်း မတူကြသည့် အတွက် ဟင်းအမျိုးအစားများ မတူ။ အသားဟင်းနှင့် စားရသူက စားရ၊ ငါးကြော်နှင့် စားရသူကစားရ၊ အရွက်ကြော်နှင့် စားရသူက စားရသည်။ ကလေးများ၏ အ၀တ်အစားများသည် နွမ်းပါးကြသည်။ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းကြသည်။ သို့ သော် ထမင်းစားနေကြသည့် ကလေးများ အားလုံးအရွယ်နှင့် မလိုက်အောင် တည်ငြိမ်ကြသည်။
ဟင်းကောင်းမစား ရသည့် ကလေးက ဘာမှမဖြစ်သလို စားရသည့် ကလေးကလည်း ဝေမျှ ကျွေးသေးသည်။
“ဒီမှာ မိဘမဲ့ကလေးတွေလည်း ရှိတယ်။ ပန်းခြံထဲမှာ ထားခဲ့တာ၊ အမှိုက်ပုံမှာပစ်ခဲ့တာ၊ ခဏကြည့်ပေးထားပါလို့ ပြောပြီးထားသွားတာနဲ့၊ နာဂစ်မှာ မိဘဆုံးပါးသွားတဲ့ ကလေးတွေလည်း ပါတယ်။ နောက်ပြီးမိဘက ဆင်းရဲနွမ်းပါးပြီး ကျောင်းမထားပေးနိုင်လို့ ဆိုပြီးလာအပ်ထားတဲ့ ကလေးတွေက ၁၂၀၀လောက် ရှိတယ်”ဟု ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဇေယျာနန္ဒက မိန့်ကြားခဲ့သည်။
ဘ၀များ၊ ဘ၀တွေ အများကြီး သည် ကျောင်းဝင်းထဲတွင် ရှိပါသည်။ အကြောင်းအရာမျိုးစုံ၊ အဖြစ်အပျက် မျိုးစုံရှိကြသည်။ သို့သော်အားလုံးတွင် တူညီသည့် အချက်တစ်ချက်ရှိသည်။ မိဘ၊ မိဘမေတ္တာင တ်မွတ်ခြင်းဖြစ်လေမလား။ လိုအပ်ချက်များကတော့ လူတိုင်း၊ နေရာတိုင်းမှာ ရှိစမြဲပင်။ အောင်ဇေယျာမင်း မိဘမဲ့ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွင်း တွင် ဆရာတော်နှင့်တကွ သံဃာတော် များ၊ စေတနာရှင်ဆရာ၊ဆရာမများက မိဘမဲ့ကလေးငယ်များ၊ အကြောင်းကြောင်းကြောင့် မိဘမေတ္တာ ငတ်မွတ် နေကြသည့် ကလေးငယ်လေးများကို တတ်စွမ်းသမျှ အစားထိုးမေတ္တာများ ပေးဝေရင်း ရှေ့ဆက်လျှောက်လှမ်း လျက်ရှိနေပါသည်။
One Dollar Fund Myanmar ၀က်ဆိုဒ်တွင် ဖော်ပြထားသော အောင်ဇေယျာမင်း ပရဟိတစာသင်ကျောင်း အကြောင်းမှ ကောက်နှုတ်ချက်
Though the orphanage is located not far from downtown Yangon, it is in need of funds for taking care of a lot of children.
![]() | |||||||||||
| Photo: One Dollar Fund Myanmar |
အလိုတော်ပြည့် ၀က်ဆိုဒ်မှ ပုံအချို့ 
![]() |
| Photo: http://alodawpyei.org/alo/component/content/article/34-slideshowcat/361-2011-06-20-15-14-44 |
![]() |
| Photo: http://alodawpyei.org/alo/component/content/article/34-slideshowcat/361-2011-06-20-15-14-44 |




No comments:
Post a Comment